ပါဝင်သည့်အမယ်များ
ဝက်သားသုံးထပ်သား - ၃၀ ကျပ်သား
ကြက်သွန်ဖြူ - ၂ ဥ
ငရုတ်သီးစိမ်း - ၅ တောင့် (အစပ်စားနိုင်သလိုထည့်ပါ)
ပင်စိမ်းရွက် - လက်တစ်ဆုပ်ခန့်
ပဲငံပြာရည်အကြည် - ဟင်းခပ်ဇွန်း ၂ ဇွန်း
ပုဇွန်ငံပြာရည်အနောက် - ဟင်းခပ်ဇွန်း ၁ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား - ထမင်းစားဇွန်း ၁ ဇွန်း
ဆီ - စားပွဲတင် ဇွန်း ၁ ဇွန်း
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဝက်သားကို ရေစင်အောင်ဆေးပြီး အဆီအသားသီးသန့်ခွဲပါ။ ၀က်သားကို တစ်လက်မခန့် အတုံးလေးများတုံးထားပြီး ဆားသင့်တော်သလို ထည့်ပြီးလုံးထားပါ။
၂။ ပင်စိမ်း၊ ငရုတ်သီးစိမ်းများကို ရေစင်အောင်ဆေးထားပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို ဆီသတ်ရန်အတွက် ညက်ညက်လေး ထောင်းပေးပါ။
၃။ ပြီးရင် ဒယ်အိုးထဲကို ဆီ ၁ဇွန်းထည့်ပြီး ဆီပူလာရင် ဝက်ဆီဖတ်တုံးလေးများထည့်ပြီး ဝက်သားမှ အဆီများတက်လာပြီး
ဝက်ဆီဖက်ဖြစ်တဲ့အထိ အဆက်မပြတ်ကြော်ပါ။ ဝက်ဆီဖတ်များကြွပ်ရွလာရင် ဆီအိုးထဲမှ ဆယ်ယူထားပါ။
၎။ အိုးထဲမှဆီနဲ့ ဝက်သားအသားတုံးလေးများ ကြွပ်ရွလာတဲ့အထိကြော်ပြီး အိုးထဲမှဆယ်ထားပါ။
၅။ ဒယ်အိုးထဲမှ ဆီများခပ်ထုတ်ကာ ဆီသတ်ရန် ဆီအနည်းငယ်သာ ချန်ထားပြီး ငရုတ်သီး ကြက်သွန်ဖြူ အနှစ်ကို ဆီသတ်ပါ။
သကြား ပဲငံပြာရည် ပုဇွန်ငံပြာရည်အနောက်ထည့်ဆီသတ်ပါ။
၆။ ကြက်သွန်နွမ်းလာရင် ပင်စိမ်းရွက်ထည့်ပါ။ ပင်စိမ်းရွက်များနွမ်းလာရင် အအေးခံးထားတဲ့ ဝက်သားကြော်များထည့်ကြော်ပါ။
ဟင်းအနှစ်နဲ့ ဝက်သားအားလုံး သမသွားအောင်မွှေပေးပါ။
၇။ အားလုံးပြီးဆုံးသွားရင်တော့ အနံ့အရသာနှင့်ပြည့်စုံတဲ့ ဝက်သားပင်စိမ်းအစပ်ဟင်းစားဖို့ အဆင့်သင့်ဖြစ်ပါပြီ။
အဆင်ပြေကြပါစေ
No comments:
Post a Comment