Sunday အားလပ်ရက် အိမ်မှာအချိန်ရတုန်းလေး အကြော်စုံပူပူလေး လုပ်စားကြမယ်နော်။ အပြင်ကဝယ်စားရင် သန့်ရှင်းမှုရော ကျန်းမာရေးနဲ့ ညီညွတ်မှုအတွက်ရော
စိုးရိမ်ရလို့ အကြော်စုံကို အချိန်ပေးပြီး ပူပုနွေနွေးကြော်စားတာ အကောင်းဆုံးပါပဲ။
လိုအပ်သောပစ္စည်းများ
****************
- အကြော်မှုန့် ၁ ထုပ်
- လှီးဖြတ်ထားသော ဗူးသီးစိတ်လေးများ
- မြင်းခွါရွက်
- ဆူးပုပ်ရွက်
- ကြက်သွန်နီ
- ကြက်သွန်ဖြူနီ ဂျင်း ငရုတ်သီးစိမ်း အရောထောင်း
- မန်ကျည်းမှည့်
- နံနံပင်
ကြော်လှော်ပုံ
**********
- အကြော်မှုန့်တစ်ထုပ်ကို ရေတစ်ဖန်ခွက်ခန့်နှင့်ရောပါ။
- မုန့်နှစ်တွေကျဲသွားမှာစိုးလို့ ရေကိုအနည်းငယ်စီ ချင့်ချိန်ထည့်ပြီး ခပ်ပျစ်ပျစ်လေးရသည်အထိ မွှေပေးပါ။
- မုန့်နှစ်ထဲကို ဆားအနည်းငယ်ထည့်ပါ။
- မြင်းခွါရွက် ဆူးပုပ်ရွက်များကို ရေဆေးပြီး ရေစစ်ထားပါ။
- ဗူးသီးကိုလည်း ရေဆေးအခွံသင်ပြီး လက်တစ်ဆစ်ခန့် အတုံးလေးများရအောင် လှီးဖြတ်ပါ။
- ကြက်သွန်နီကို အကွင်းလေးများရအောင် ခပ်ထူထူလေးလှီးပါ။
- ဆီကို medium heat ထားပြီး လှီးဖြတ်ထားတဲ့ ဗူးသီး မြင်းခွါရွက် ဆူးပုပ်ရွက် ကြက်သွန်နီများကို တစ်မျိုးချင်းစီ အနှစ်ရောကြော်ပါ။
- ဟင်းခတ်ဇွန်းအပြားကြီးကြီးထဲ နယ်ထားတဲ့မုန့်နှစ် အနည်းငယ်စီထည့်ကြော်ရင် ကြော်ရတာ ပိုအဆင်ပြေပါတယ်။
- အကြော်ပူပူများ ရွှေညိုရောင်သန်းလာပြီဆိုရင် ဆယ်ပြီးဆီစစ်ထားပါ။
အချဉ်ရည်လုပ်နည်း
**************
- မန်ကျည်းမှည့်များကို ရေနွေးဖြင့်တစ်ထပ်ဆေးပြီး ရေနွေးနဲ့စိမ်ထားပါ။
- မန်ကျည်းမှည့်များ ပျော်အိနူးလာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူနီ ဂျင်း ငရုတ်သီးစိမ်းများ ရောပါ။
- ရေနွေးအနည်းငယ် ထပ်ရောပါ။
- ဆား သကြား ယိုးဒယားငံပြာရည်များထည့်ပါ။
- ရှာလကာရှည် လက်ဖက်ရည် ၁ ဇွန်းခန့်ရောပါ။
- နံနံပင်များကို ရေစင်အောင်ဆေးပြီး အရိုးရော အရွက်များပါ ပါးပါးလှီးထည့်ကာ အရသာများ သမအောင်မွှေပေးပါ။
- နောက်ဆုံးအဆင့်မှာ ငရုတ်သီးအလှော်မှုန့် အနည်းငယ်ထည့်ပါ။
အကြော်စုံပူပူလေးကို ချဉ်ငံစပ်အချဉ်ရည်ဖြင့် စားလို့ရပါပြီ။ အချဉ်ရည်ဖျော်ရာမှာ အရသာကိုလေးအောင်ဖျော်မှ အကြော်နဲ့တွဲဖက်စားရင်
အနေတော်ဖြစ်မှာပါ။ အကြော်စုံပူပူလေးကို ဂေါ်ဖီကျွတ်ကျွတ်လေး ဆလတ်ရွက်စိမ်းစိမ်းလေးများနဲ့ တွဲဖက်စားလို့လည်းကောင်းပါတယ်။
Credit - War Tee
ဦးအာကာ(စွယ်စုံစာပေ)
No comments:
Post a Comment