ဝိညာဉ်နဲ့ ခန္ဓာ
မဟာမိတ် ဖွဲ့လိုက်ကတည်းက
မသိစိတ်ထဲ သိစိတ်ထဲ
နေရောင်အောက် မျက်လုံးတွေအောက်
ဘောင်ခတ်ထားတဲ့ နေရာတွေအောက်မှာ
စူးစမ်းမှုတွေ မရပ်မနားပြုခဲ့တော့
ခေါင်းစဉ်မျိုးစုံတပ်
အကြောင်းအရာတွေ မထပ်စေဘဲ
ရှာဖွေလာခဲ့ကြတာ
သတိရလို့ လှည့်ကြည့်မိတော့
ငါ့အရိပ်ကတောင် ငါ့ကိုစွန့်ခွာထွက်ပြေးသွားပြီ
ဦးအာကာ(စွယ်စုံစာပေ)
No comments:
Post a Comment