စိတ်ကူးပျော်ရာဘလော့မှရောက်လာသူအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့နှုတ်ခွန်းဆက်သပါတယ်

Friday, October 2, 2015

ပေးဆက်သမျှ

ပေးဆပ်သမျှ
ကိုယ်ဘယ်လောက်ချစ်ချစ်
သူ့ဖက်က တကယ် မချစ်ရင်
ပေးဆပ်သမျှ အလကားပဲ•••••

ကိုယ်ဘယ်လောက် မြတ်နိုးနိုး
သူ့ဖက်က တန်ဖိုးမထားရင်
ကြင်နာသမျှက အလကားပဲ•••••

ကိုယ်ဘယ်လောက် မခွဲနိုင်ဘူးဆိုဆို
သူ့ဖက်က နေခဲ့တော့လို့ပြောရင်
လွမ်းခဲ့သမျှက အလကားပဲ•••••

ဘာပဲပြောပြော
အချစ်ကြီးသူက ရှုံးတာပါဆိုတဲ့အတွေးရယ်
အချိန်တန်နေခဲ့ရမယ်ဆိုတဲ့ အသိရယ်
ပြီးတော့ မစွန့်လွှတ်နိုင်တဲ့ စိတ်ကလေးရယ်
မုန်းတယ်လို့ပြောမထွက်နိုင်တဲ့ နှုတ်ခမ်းရယ်
နင်မှ နင်ဖြစ်နေတဲ့ ငါကိုယ်ငါရယ်
အရာရာတိုင်းကို မုန်းတယ်ဟာ•••••…Na

No comments:

Post a Comment