စိတ်ကူးပျော်ရာဘလော့မှရောက်လာသူအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့နှုတ်ခွန်းဆက်သပါတယ်

Monday, September 14, 2015

နှလုံးသွေးကြောများကိုသန့်ရှင်းစေနိုင်သည့် အစားစာများ

နှလုံးကျန်းမာရေးမှာ ခန္ဓာကိုယ် အလုံးစုံ ကျန်းမာရေးအတွက် အရေးကြီးသည်။ နှလုံးသွေးကြောများထဲရှိ ပိတ်ဆို့မှုများကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ပြီး နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်သည့် အစားအစာများကို ဖော်ပြပေးလိုက်ပါသည်။


- ရောင်ရမ်းမှုကြောင့် သွေးကြောနံရံများ ထူထဲလာခြင်းကို ကာကွယ်ရန်နှင့် နှလုံးရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်များကို လျှော့ချနိုင်ရန် နနွင်းစားပေးပါ။

- ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပြီး ကိုလက်စထရော လျှော့ချပေးသော ဖိုက်ဘာဓာတ် ပါဝင်သောကြောင့် သွေးကြောများ လုပ်ဆောင်ချက် တိုးတက်လာစေရန် စားပေးသင့်သည်။

- တလည်းသီးတွင် နှလုံးသွေးကြော နံရံများကို ကာကွယ်ပေးနိုင်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်သဖြင့် သွေးလည်ပတ် စီးဆင်းမှုကို အားကောင်းစေပြီး သွေးကြောများကို ကျယ်လာစေသည်။

- ဗီတာမင်များ ကြွယ်ဝစွာ ပါဝင်သည့် ပန်းဂေါ်ဖီစိမ်း စားပေး ခြင်းဖြင့် နှလုံးသွေးကြောများ မပျက်စီးစေရန် ကာကွယ်ပေးပြီး သွေးတိုးရောဂါကိုလည်း ကာကွယ်နိုင်သည်။
- သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့ စားပေးခြင်းဖြင့် နှလုံးသွေးကြောများ ပိတ်ဆို့မှု မဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။

- အိုမီဂါ-၃ ပါဝင်သည့် အဆီများသော ငါးများ၊ ပင်လယ်စာများ စားပေးခြင်းဖြင့် နှလုံးသွေးကြောများကို သန့်ရှင်းစေနိုင်ပြီး စိတ်ကျန်းမာရေး၊ ဦးနှောက်၊ အမြင်အာရုံ၊ ကြွက်သားများတည်ဆောက်မှုနှင့် ကိုယ်ဝန်ဆောင်ထားခြင်းတို့အတွက်လည်း ကောင်းမွန်သည်။

- ဗာဒံစေ့ကဲ့သို့ အခွံမာသီးများတွင် ဗီတာမင်အီး ပါဝင်သဖြင့် နှလုံးသွေးကြောများကို ကာကွယ်ပေးနိုင်သည်။

- သံလွင်ဆီက သွေးထဲရှိ ကိုလက်စထရောများ ဖြစ်ပေါ်မှုကို ကာကွယ်ရာတွင် အကောင်းဆုံးဖြစ်ပြီး သွေးတိုးခြင်းကိုလည်း လျော့ကျစေနိုင်သည်။

- သစ်ကြမ်းပိုးခေါက်က သွေးထဲရှိ အဆီများကို လျှော့ချပေးနိုင်သည်။ တစ်နေ့လျှင် ကော်ဖီလေးခွက်အောက် သောက်သုံးပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို အားကောင်းလာစေနိုင်သည်။

- သွေးတိုးခြင်းကို လျှော့ချရန် ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်သည့် ချိစ်များ စားပေးသင့်သည်။

- လက်ဖက်ခြောက်တွင် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ပါဝင်သဖြင့် သွေးခဲမှု ဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပြီး သွေးကြောနံရံများကို ကာကွယ်ပေးနိုင်သည်။

- ဖရဲသီးတွင် အမိုင်နိုအက်စစ် ပါဝင်ပြီး သွေးတိုးခြင်းကို လျှော့ချရန် အထောက်အကူပြုကာ နိုက်ထရစ်အက်စစ် ပါဝင်သောကြောင့် သွေးကြောများကို ရှင်းလင်းပေးပြီး သွေးစီးဆင်းမှု အားကောင်းစေနိုင်သည်။

- ဒေါက်ခွရွက်၊ ခရမ်းချဉ်သီး၊ ပဲများ၊ ပန်းသီး၊ ဂရိတ်ဖရု၊ ပြောင်းဖူးနှင့် ကြက်သွန်ဖြူတို့ စားပေးခြင်းဖြင့်လည်း နှလုံးသွေးကြောများ ကျန်းမာစေရန် အထောက်အကူပြုနိုင်သည်။


                                                  ဦးအာကာ(စွယ်စုံစာအုပ်)

No comments:

Post a Comment