စိတ်ကူးပျော်ရာဘလော့မှရောက်လာသူအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့နှုတ်ခွန်းဆက်သပါတယ်

Monday, September 14, 2015

လိုအပ်သလိုအသုံးပြုပါ

အဆုံးသတ်အဖြေကို ကြိုသိရက်နဲ့
နင့်ကိုသာ တမ်းတမိပါရဲ့ ....

ပေါင်းစပ်ကြဖို့ မဖြစ်နိုင်ပေမယ့်
အရာအားလုံးမျက်ကွယ်ပြု
နင့်ဆီသာ အမှုတော်ထမ်းလျက် ....

အများရဲ့ပြစ်တင်မှုကို လျစ်လျူရှု
နင့်အတွက်သာ သစ္စာစောင့်လို့
နင့်ဆီမှာ အပြုံးတွေတည်မြဲနေအောင်
အားထုတ်ကာ ပေးနေသူ ....

နောက်ဆုံးတော့ ......

အမြင့်က အသည်းပန်းတစ်ခု
နင်လှမ်းလို့ မမီတော့တဲ့အခါ
လိုသလိုအသုံးချသွားပါတော့
ငါ့နှလုံးသားကို တုံးခု
နင်ကိုယ်တိုင်နင်းတက်လှည့်ပါ
ငါကနင့်အတွက်
အနင်းခံ သက်သက် .....

No comments:

Post a Comment