I'm having a hard time + (V-ing)
* "ခက်နေတာ၊ အခက်တွေ့နေတာ၊ အဆင်မပြေဖြစ်နေတာ" ဆိုတာမျိုးတွေကို ပြောချင်ရင် သုံးပါတယ်။
I'm having a hard time writing.
စာရေးဖို့ ခက်နေတာ။
I'm having a hard time understanding you.
မင်းကို နားလည်ဖို့ ခက်နေတာ။
I'm having a hard time answering your question.
မင်းမေးတာကို ဖြေဖို့ အခက်တွေ့နေတာ။
I'm having a hard time downloading songs to my iPod.
ငါ့ အိုင်ပေါ့ထဲ သီချင်းဒေါင်းထည့်ဖို့ ခက်နေတာ။
* ခက်ခဲကြောင်း ပိုပေါ်လွင်စေချင်ရင်တော့ adverb ထည့်ပေးရပါတယ်။
ဥပမာ။ ။ I'm having an extremely hard time trusting you.
မင်းကို ယုံဖို့ဆိုတာ ငါ့အတွက်တော့ မဟာအခက်အခဲပဲ။
I'm having an extremely hard time with my wife.
ငါ့ မိန်းမနဲ့ အတော်ကို အဆင်မပြေဖြစ်နေတာ။
I'm having a very hard time finding a job.
အလုပ်ရှာရဖို့ကို အတော်ကြီးခက်နေတာ။
I'm having a very hard time finding parts for my car.
ငါ့ကား အပိုပစ္စည်းရှာရတာကလည်း တကယ့်ကို ခက်ခက်ခဲခဲပါပဲ။
# လေ့လာထက်မြတ် စွမ်းရည်တက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျ
No comments:
Post a Comment