ချစ်နေလျက် ကွဲလွဲမှုတစ်ခုမှစလို့ များလာရင်
အမုန်းမဟုတ်ရင်တောင် လမ်းခွဲရောက်လာနိုင်လို့
ချစ်တတ်ခဲ့ရင် စွန့်လွတ်တတ်အောင်လည်း ပြင်ဆင်သင့်တယ် ။
ယုံကြည်နေလျက် လွဲမှားမှုတစ်ခုမှစလို့ များလာရင်
သည်းခံမှုလျော့လျက် နာကျင်ခြင်းတွေ ရောက်လာနိုင်လို့
အပြည့်အ၀ယုံကြည့်ပြီးရင် တုန့်ပြန်တတ်အောင် သင်ယူသင့်တယ် ။
ချစ်ခြင်း၏ ဒဏ်ရာက အပြင်မှာမသိသာပေမယ့်
ရင်ဘက်နဲ့ နှလုံးသားတွေအတွက်တော့ ချစ်သူကို
နုတ်ဆက်ချိန်တွေဟာ သိပ်ကိုပင်ပန်းနိုင်လို့
ချစ်ခြင်း၏ ပျော်ရွင်ခြင်းကို နှစ်မျော်နိုင်သလို
ချစ်ခြင်း၏ မျက်ရည်ကိုလည်း ကိုယ်တိုင် တိတ်စေတဲ့
ကြံခိုင်မှုတစ်ခု ရှိဖို့တော့ အရမ်းကို လိုအပ်ပါတယ်
No comments:
Post a Comment