နှာခေါင်း သွေးလျှံခြင်း ဆိုတာဟာ နှာယောင် တစ်လျှောက်မှ သွေးတွေ စီးကျလာခြင်းကို ဆိုလိုပါတယ်။
နှာခေါင်း သွေးလျှံခြင်း ၂ မျိုး ရှိပါတယ်။ တစ်မျိုးကတော့ အရှေ့ပိုင်းလို့ ခေါ်ပြီး သူကတော့ အဖြစ်များပါတယ်။ နောက် တစ်မျိုးကတော့ အနောက်ပိုင်းလို့ ခေါ်ပါတယ်။
သူကတော့ အဖြစ်နည်းလေ့ရှိပြီး ဆေးကုသမှု လိုအပ်တဲ့ အမျိုးအစားမျိုး ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အလွန်ဆိုးဝါး ပြင်းထန်တဲ့အခါမှာ သွေးတွေဟာ နှာတွင်း မျက်ရည်လမ်းကြောင်းမှ ထွက်ရှိလာပြီး မျက်လုံးကနေတောင် သွေးတွေ ထွက်ရှိနိုင်ပါတယ်။
သွေးတွေနဲ့ခဲနေတဲ့ သွေးတွေဟာ အစာအိမ်ထဲကို ရောက်ရှိနိုင်ပြီး ပျို့တာတွေ၊ အန်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီကနေတစ်ဆင့် သေနိုင်တာကတော့ ရှားပါးပြီး ၁၉၉၉ ခုနှစ်မှာ U.S ၂ .၄ မီလီယံ သေဆုံးမှုမှာ ၄ ယောက်သာလျှင် တွေ့ရပါတယ်။
ဘာကြောင့်လူတွေ နှာခေါင်းသွေး လျှံခြင်း ခံစားရသလဲ။
နှာခေါင်းဆိုတာဟာ ခန္ဓာကိုယ်မှာ သွေးကြောတွေ လွန်စွာ ရှုပ်ထွေးများပြားတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် နှာခေါင်းကို နည်းနည်းလေးဖြစ်ဖြစ် ထိခိုက်မိတာနဲ့ အခန့်မသင့်ရင် nasal injury ရပြီး သွေးထွက်နိုင်ပါတယ်။
အကယ်၍ နှာခေါင်းနံရံဟာ ခြောက်သွေ့နေမယ်။ ကွဲအက်နေမယ် ဆိုရင်တော့ ထိခိုက်မိပြီး တစ်ပြိုင်နက် ရုတ်တရက် ချက်ချင်း သွေးထွက်လာနိုင် ပါတယ်။
ခြောက်သွေ့ ပူပြင်းတဲ့ဒေသတွေမှာ အဖြစ်များလေ့ရှိပြီး ဆောင်းရာသီတွေမှာ တိုက်တဲ့လေကလည်း ခြောက်သွေ့နေမယ်။ ပူနွေးနေမယ်။
ဥပမာ - အိမ်ထဲက heater တွေကထွက်တဲ့ လေပူတွေကနေ တစ်ဆင့် နှာခေါင်းသွေးယိုတာ ခံစားရနိုင်ပါတယ်။
အကယ်၍ လူတွေက သွေးခဲတာကို တားဆီးပေးတဲ့ ဆေးတွေ ဥပမာ - သွေးကျဲဆေးတွေ ဖြစ်တဲ့ Warfarin, aspirin နဲ့ အခြား အရောင်ကျဆေးတွေကို သောက်သုံးနေတဲ့ လူတွေက ပိုပြီး အဖြစ်များလေ့ ရှိပါတယ်။
အဲဒီလို အခြေအနေမှာ နည်းနည်းလေး ထိခိုက်မိတာတောင်မှ သွေးထွက်ခြင်းက ဖြစ်ပေါ်လာနိုင်ပါတယ်။ နှာခေါင်းသွေးယိုခြင်း ဖြစ်ပွားမှုနှုန်းဟာ အေးတဲ့ဆောင်းလရာသီတွေမှာ ပိုများပြီး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပိုးဝင်နေတဲ့အခြေအနေမှာ ပိုအဖြစ်များ ပါတယ်။
တစ်ခါတစ်ရံမှာလည်း အပြင်ဘက်အေးတဲ့ နေရာကနေ အိမ်အတွင်းပိုင်း ပူနွေး ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်ကို ရုတ်တရက် ဝင်ရောက်လာတဲ့ အခြေအနေမှာ နှာခေါင်းသွေးလျှံခြင်း ဖြစ်ပွားနိုင်ပါတယ်။
နှာခေါင်းသွေးယိုခြင်းကို ဖြစ်စေတဲ့ အချက်တွေ
ကိုယ့်ဘာသာနှာခေါင်းကို ကလိရာကနေ ထိလိုက်မိခြင်း၊ ပိုးဝင်ခြင်း၊ ယားယံ ခြင်းနှင့် ယားယံခြင်း မရှိသော နှာမွှန်ခြင်း၊ နှာရည်ယိုခြင်း၊ သွေးပေါင်ချိန်များခြင်း (High Blood Pressure) ၊ သွေးကိုကျဲစေတဲ့ ဆေးတွေ သောက်သုံးခြင်း (Aspirin, Warfarin, etc.)၊ အရက် အလွန်အကျွံ သောက်သုံးခြင်း၊ တခြား ရှားပါးတဲ့ အချက်တွေကတော့ ကျူမာတွေ (Tumors) နဲ့ မျိုးရိုးလိုက်တဲ့ သွေးရောဂါတွေပဲ ဖြစ်ပါ တယ်။
နှာခေါင်းသွေးလျှံရင် ဘာလုပ်မလဲ။
နှာခေါင်းသွေးယိုပြီဆိုရင် အရင်ဆုံး ပြုလုပ်ရမှာကတော့ စိတ်မလှုပ်ရှားပါနဲ့။ စိတ်ငြိမ်ငြိမ်ထားပါ။ တချို့နှာခေါင်း သွေးယိုခြင်းဟာ တကယ်ဖြစ်နေတာထက် ပိုဆိုးသယောင် ထင်ရတတ်ပါတယ်။
နှာခါင်းသွေးယိုခြင်း အများစုဟာ မိမိဘာသာ အိမ်မှာပဲ ကုသလို့ရပါတယ်။ အကယ်၍ သင် နှာခေါင်းသွေးယိုပြီ ဆိုလျှင် ပထမဆုံး ထိုင်လိုက်ပါ။ ပြီးရင် ရှေ့ဘက်ကို ခန္ဓာကိုယ်ကို အနည်းငယ် ယိုင်လိုက်ပါ။ သင့်ရဲ့ ဦးခေါင်းဟာ သင့်နှလုံးရဲ့ အထက်မှာ ရှိနေခြင်းက နှာခေါင်းထဲက သွေးယိုခြင်းကို နည်းပါးစေပါတယ်။
အရှေ့ဘက်ကို ယိုင် လိုက်ခြင်းအားဖြင့် နှာခေါင်းထဲက သွေးတွေဟာ လည်ချောင်းထဲ ဝင်မယ့်အစား နှာခေါင်းထဲက ထွက်သွားစေပါတယ်။
အကယ်၍ သင်နောက်ကို လှန်မိမယ်ဆိုရင်တော့ သင်ဟာ သွေးတွေကို မျိုချမိမှာပါပဲ။ ဒါဆိုရင်တော့ ပျို့တာတွေ၊ အန်တာ တွေ၊ ဝမ်းသွားတာတွေ ဖြစ်လာနိုင်ပါတယ်။
သင့်ရဲ့လက်မနဲ့ လက်ညှိုးကို ပျော့ ပျောင်းတဲ့ အနေအထားနဲ့ သင့်နှာခေါင်း ထဲက သွေးတွေကို ဖြေးညှင်းစွာ ညှစ်ထုတ်ပါ။ ညှစ်ရမယ့်နေရာကတော့ သင့် နှာခေါင်းရဲ့ အဆုံးပိုင်းနဲ့ မာကျောပြီး အရိုး ပုံစံရှိတဲ့နေရာကြားထဲမှာပါပဲ။
သင့်နှာခေါင်း ကို သွေးတွေထွက်တာ ရပ်တဲ့အထိ ကိုင် ထားပါ။ အနည်းဆုံး ၅ မိနစ်လောက်ပေါ့။ သွေးတွေ ဆက်ထွက်နေတုန်းပဲ ဆိုရင်တော့ နောက်ထပ် ၁၀ မိနစ်လောက်ထိ ဆက်ကိုင်ထားလိုက်ပါ။
ဒါ့အပြင် နှာခေါင်းပေါ် ကို ရေခဲတုံး၊ ရေခဲဝတ်လည်း တင်ပေးနိုင်ပါတယ်။ သွေးထွက်တာ ရပ်သွားပြီ ဆိုရင်တော့ သွေးထပ်ထွက်စေမည့်အပြုအမူများကို ရှောင်ပါ။ ဥပမာ- နှာခေါင်းကို ထိခိုက်မိခြင်း အရှေ့ဘက်ကို ခန္ဓာကိုယ်ကို ဆက်ယိုင်နေခြင်းတို့ပဲ ဖြစ်ပါတယ်။
နှာခေါင်းသွေးလျှံခြင်း ထပ်မဖြစ်ရ အောင် ဘယ်လိုကာကွယ်မလဲ။
၁။ အိမ်သို့ပြန်ပြီး အနားယူပါ။ ဦးခေါင်းကို ၃၀ မှ ၄၅ ဒီဂရီသို့ မြှင့်ထားပါ။
၂။ နှာခေါင်းထဲသို့ မည်သည့်အရာမှ ထိုးထည့်ခြင်း မပြုပါနဲ့။
၃။ နှာချေချင်တယ် ဆိုရင်တော့ ပါးစပ်ကို ဟထားပါ။ ဒါဆိုရင် လေတွေက နှာခေါင်းကနေ မထွက်ဘဲ ပါးစပ်ကနေ ထွက်သွားမှာ ဖြစ်ပါတယ်။
၎။ ဝမ်းချုပ်မခံပါနဲ့ (ဝမ်းချုပ်လို့ ညှစ်ရတဲ့အခါမှာ ဝမ်းဗိုက်အတွင်း ဖိအား များလာခြင်း Intraabdominal Pressure တက်လာတဲ့အခါ သွေးတွေကို ညှစ်ထုတ် သလို ဖြစ်တဲ့အတွက် သွေးပြန်လျှံနိုင်တဲ့ အတွက်ပါ)။
၅။ သင့်ရဲ့ဦးခေါင်းကို နှလုံးရဲ့အထက်မှာ ရှိနေပါစေ။
၆။ ဆေးလိပ် လုံးဝ မသောက်ပါနဲ့။
၇။ ၂၄ နာရီအတွင်း ပူလွန်းတဲ့ အရည်တွေ မသောက်ပါနဲ့။ အေးသော ပျော့သော အစာများသာ စားပါ။
၈။ Aspirin, Ibuprofen, Clopidogrel busulfate နဲ့ Warfarin ကဲ့သို့ ဆေးတွေကိုရှောင်ပါ။ ဆရာဝန်က ညွှန်ကြားထားတယ် ဆိုရင် ဆရာဝန်ကို ဆက်သွယ်ပြီး ဆေးသောက်တာ ရပ်သင့် မရပ်သင့် အကြံဉာဏ်တောင်းပါ။
၉။ အကယ်၍ သွေးပြန်ယိုလာခဲ့ လျှင် နှာခေါင်းထဲက သွေးခဲတွေကို လက်မ လက်ညှိုးနဲ့ ညှစ်ထုတ်ခြင်းအားဖြင့် ဖယ်ရှားပါ။ ယာယီအားဖြင့် Afrin သို့မဟုတ် Neo-Synephrine ကဲ့သို့ စပရေးတွေကို သုံးနိုင်ပါတယ်။
ဒီစပရေး တွေက သွေးကြောတွေကို ကျဉ်းစေပြီး သွေးပေါင်ချိန်တွေ တက်နေရင်တော့ မသုံးသင့်ပါဘူး။
၁၀။ အကယ်၍ သွေးမရပ်သေးဘူး ဆိုရင် ဆရာဝန်ရဲ့ ကုသမှုကို စနစ်တကျ ခံယူပါ။
Credit : ရွှေအိမ်စည်
No comments:
Post a Comment