သူငယ်ချင်း .. သို့
တေမိ တစ်ယောက်လို
ရင်ထဲက မညီမညာ သံစဉ်တချို့ကို
တီးခတ်ဖို့ မ၀ံ့ရဲ
စွန့်လွှတ်ရမှာလည်း သိပ်ကြောက်ရင်း
နင့်ရှေ့ရောက်ရင်
ငါဟာ အလိုလို နှုတ်ဆိတ်နေခဲ့မိတာ ....
နင့်မျက်ဝန်းထဲမှာ
ငါ့အတွက် အဖြေရှာဖို့ကိုတောင်
သေချာမကြည့်ရဲမှတော့
လျော့သွားမယ့် သံယောဇဉ်တွေကို
ရင်ဆိုင်ဖို့ဆိုတာ အနန္တအကွာအဝေးမှာပါ ....
ထိန်းချုပ်ခြင်းလည်း မစွမ်းသာဘူး
ရူးမူးတဲ့ ချစ်ခြင်းတွေနဲ့
ရှိုက်သံကြားက အလင်္ကာတွေကို
ငါတိုးတိုးရွတ်ဆိုတဲ့အခါ
ကောင်မလေးရယ် ....
မရိုးမသား ဆိုခဲ့တယ်ဆိုရင်တောင်
အဲ့ဒါ .. အဖြူရောင်ကပဲ ဖြာထွက်ခဲ့တာပါ ...
OOARKER
No comments:
Post a Comment