အချိန်တွေ ကုန်နေပေမယ့်
နာရီတွေ လည်နေပေမယ့်
အိမ်ပြန်ချိန်ဆိုတာ ငါမသိသေးဘူး
မိသားစုဆုံချိန် ဆိုရင်တောင်
အခုချိန်မှာ ငါမရှိဘူး ....
တစ်ယောက်တစ်နေရာနဲ့
နေလာခဲ့တဲ့ ဘ၀တစ်လျှောက်
ငါတစ်ယောက်က အဝေးဆုံးလို့
တစ်ယောက်တည်းယူဆ
မတူမျှတဲ့ ကံကြမ္မာကြောင့်လား ....
ဒဏ်ရာတွေ အမြောက်အများနဲ့
မိသားစုဆိုတဲ့ အေးရိပ်လေးကို
အရောက်သွားချင် နေမိရဲ့ ...
No comments:
Post a Comment