ပိုင်ခွင့်ရဖို့ မဆိုထားနဲ့
ဆိုင်ခွင့်တောင် မရှိတဲ့ဘ၀မှာ
အဝေးက ငေးမျှော်ခွင့်နဲ့တင်
ကျေနပ်ရသူပါ .........
တစ်ခါတစ်ရံမှာ အချစ်ကိုမျှော်ငေး
အနီးကပ်နှုတ်ဆိတ်နေရုံမှတစ်ပါး
ငေးမောကြည့်နေခွင့်နဲ့တင်
ရှင်သန်နေသူပါ ..........
အချစ်ကို နှုတ်ဆိတ်နေစေဖို့
ကိုယ့်စိတ်စေရာ မစွမ်းနိုင်မှတော့
ဒီအခွင့်တွေနဲ့တင်
ကိုယ်ဟာ ပျော်နေမိသူ .........
No comments:
Post a Comment