စိတ်ကူးပျော်ရာဘလော့မှရောက်လာသူအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေလို့နှုတ်ခွန်းဆက်သပါတယ်

Sunday, September 20, 2015

နောက်ဆုံးအချစ်

ဆယ်ကျော်သက် အရွယ်ကလို
ရူးသွပ်မှုတွေ မရှိတော့ချိန် ....
အချစ်နဲ့ဘ၀ကို
သီးခြားစီမှန်း ကွဲပြားသိလာပြီးချိန် ....
အချစ်ဆိုတာ ဘ၀နဲ့ယှဉ်ရင်
မြူတစ်မှုန်စာတောင် အရေးမကြီးမှန်းသိခဲ့ပြီးချိန် ....

ဒီအချိန်မှာ ..........

ကိုယ်ရူးရူးမူးမူး သိပ်ချစ်သွားမိခဲ့တဲ့ မင်းဟာ

ကိုယ့်အတွက်တော့ ..........

တကယ်ကို နောက်ဆုံးအချစ် ဖြစ်မှာပါ

တချို့အရာတွေကို
ကိုယ့်နှုတ်က ဖွင့်ချမပြခဲ့ပေမယ့်
အချိန်တွေရဲ့ ပြောပြပေးမှုနဲ့
တစ်နေ့မှာ အလိုလိုမင်းသိပါလိမ့်မယ်
မင်းတွေ့ချင်တဲ့ မိန်းကလေးမျိုး
မင်းအနား ရောက်နေခဲ့ပြီ ဆိုတာကိုပေါ့ ...

No comments:

Post a Comment