နှလုံးသားကပြောတယ်
ငါအရမ်းဝမ်းနည်းတယ်တဲ့ ....
ဦးနှောက်က ပြန်ပြောတယ်
ဘာလို့များဝမ်းနည်းနေသလဲ
တကယ်ဆို နင်ဝဋ်ကျွတ်သွားတာ
ကံကောင်းလာတဲ့အတွက် ၀မ်းသာရမတဲ့ ....
နှလုံးသားက မေးတယ်
ချစ်သူနဲ့ကွေကွင်းချိန်မှာ ၀မ်းသာသူရှိသလားတဲ့ ....
ဦးနှောက်က ပြုံးလိုက်တယ်
ချစ်သူနဲ့အတူရှိစဉ်က ပျော်ရွှင်ခဲ့သလား
အဲ့ဒီအချိန်က နင့်မျက်ဝန်းမှာမျက်ရည်တွေကို
နေ့တိုင်းနီးပါး ငါမြင်နေခဲ့တယ်တဲ့ ....
နှလုံးသားလေး ဆွံ့အသွားတယ် ....
No comments:
Post a Comment