တစ်ခါက ခရီးဝေးကလာတဲ့ အဖိုးကြီးသုံးယောက်က အိမ်တစ်အိမ်ရှေ့မှာ အမောဖြေနားနေကြတယ်................
အဲအချိန်မှာ အိမ်ရှင်မက ထွက်လာပြီး အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ သူမအဲ့လို ဖိတ်လိုက်တော့ အဖိုးကြီးတစ်ယောက်က ထပြောတယ်..
" အဘတို့ သုံးယောက်စလုံးတော့ အိမ်ထဲကိုလိုက်လို့မရဘူး..ခေါ်ချင်တယ်ဆို ငါတို့ထဲကတစ်ယောက်ကိုပဲ ရွေးခေါ်လို့ရမယ်..
အဘဘေးက သူငယ်ချင်းနာမည်က " ချမ်းသာခြင်း " ဖြစ်ပြီး ဟိုဘက်ဘေးကသူငယ်ချင်းကတော့ " အောင်မြင်ခြင်း " လို့ခေါ်ပြီး အဘနာမည်ကိုတော့ " ချစ်ခြင်းမေတ္တာ " လို့ခေါ်တယ်..
ဒီတော့ သမီးအိမ်ထဲကိုပြန်ဝင်သွားပြီး ဘယ်သူ့ကိုခေါ်မယ်ဆိုတာကိုသမီးယောက်ျားနဲ့ သွားတိုင်ပင်လိုက်ပါအုန်းလို့" စေလွှတ်လိုက်တယ်။
အိမ်ရှင်မလည်း အိမ်ထဲဝင်ပြီးတိုင်ပင်တော့ ခင်ပွန်းက " အောင်မြင်မှု့ " ကို ဝင်ခွင့်ပြုရအောင် ၊ ယောက်ခမက " စည်းစိမ်ချမ်းသာ " ကိုသာ ဖိတ်ခေါ်သင့်တယ်နဲ့ တစ်ယောက်တစ်ပေါက် အကြံပေးကြတယ်။
ဒေါင့်နားလေးမှာကပ်နေတဲ့ ချွေးမ ဖြစ်သူကတော့ ကျွန်မသာဆို " ချစ်ခြင်းမေတ္တာ " ကိုပဲ ဝင်ခွင့်ပြုမှာ သူသာရှိရင် ကျမတို့ အိမ်လေးသာယာနေမှာ လို့ပြောလိုက်တာနဲ့ အားလုံး ''ချစ်ခြင်းမေတ္တာ'' ကို ဖိတ်ခေါ်ဖို့သဘောတူခဲ့ကြပြီး
အိမ်ရှင်မက ' ချစ်ခြင်းမေတ္တာ ' ကို ဖိတ်ခေါ်လိုက်တဲ့အချိန်မှာတော့ အဖိုးအိုသုံးဦးစလုံးဟာ အိမ်ထဲဝင်ဖို့ပြင်လိုက်ကြပါတော့တယ်..
ချစ်ခြင်းမေတ္တာ ကိုဖိတ်ပေမယ့် ကျန်နှစ်ဦင်္းကဘာကြောင့်လိုက်ဝင်ရသလဲလို့ အိမ်ရှင်မက နားမလည်စွာမေးလာတဲ့အခါမှာတော့
" အကယ်၍မင်းကသာ ' ချမ်းသာခြင်း ' နဲ့ ' အောင်မြင်ခြင်း ' ထဲက တစ်ယောက်ယောက်ကို ဖိတ်ခဲ့မယ်ဆိုရင် ကျန်၂ယောက်က အပြင်မှာ ကျန်နေရစ်ခဲ့မှာအမှန်ပဲ ....
ဒါပေမယ့် အခုမင်းက ချစ်ခြင်းမေတ္တာကို ဖိတ်လိုက်တာဆိုတော့ အဘတို့က သူ့နောက်ကို လိုက်ကိုလိုက်ရတော့မှာပဲလေ..
ဘာဖြစ်လို့လဲဆိုတော့ အဘတို့ ၂ယောက်က မျက်မမြင်၂ယောက်ပါ။
ချစ်ခြင်းမေတ္တာကသာ ငါတို့ဘ၀ရဲ့ အလင်းရောင်..ငါတို့ရဲ့ အရှင်သခင်ဖြစ်ပြီး သူလမ်းညွှန်တဲ့နောက်ကို ငါတို့ကအမြဲလိုက်နေရတာပါ" လို့
ချမ်းသာခြင်းနဲ့ အောင်မြင်ခြင်းဆိုတဲ့ အဖိုးအိုနှစ်ဦးက ရှင်းပြလိုက်ပါတော့တယ်..
သင့်ဘ၀မှာ " ချစ်ခြင်းမေတ္တာ " တရားတွေနဲ့သာပြည့်စုံနေမယ်ဆိုရင် ' ချမ်းသာခြင်း ' အောင်မြင်ခြင်း ' တွေကိုအလိုလိုပိုင်ဆိုင်နိုင်မယ်ဆိုတာကို ဒီပုံပြင်လေးက ဖော်ပြထားတာပါ..
blog ချစ်သူလေးတွေလည်း ချစ်ခြင်းမေတ္တာတရား တွေပြည့်ဝပြီး အများအတွက် ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာ ဖြန့်ဝေပေးနိုင်သူတွေ ဖြစ်ကြပါစေနော် ။
ဦးအာကာ(စွယ်စုံစာအုပ်)
No comments:
Post a Comment