ချစ်ခွင့်မရ ငါ့ဘ၀မှာ
နွေမှာဆွေးတဲ့ ရွှေဥသြလို
အဖော်ကွဲကွာ ငါတစ်ယောက်ထဲ
မျက်စိသူငယ် နားသူငယ်နဲ့
လောက အလယ်မှာ ...
သြော် ... ငါတစ်ယောက်ထဲပါပဲလား ။
ပန်မယ့်သူမဲ့ ငုရွှေဝါလို
အဝေးကပဲ လှတယ်ပြောတယ်
တကယ်ကြတော့ မပန်ဆင်
ငါ့ဘ၀လည်း ငုလိုပါပဲ
ပန်သူမဲ့တဲ့ အညတြရပန်းပါ
မိုးကောင်းကင်က ကြယ်တွေကို အန်တု
လမင်းကြီးကို ဖက်ပြိုင်ကာ
အလင်းရောင်တွေ အစွမ်းကုန်ထုတ်တဲ့
ပိုးစုန်းကြူးလို လမ်းပြကြယ်
ငါဟာမင်းရဲ့ လမ်းပြကြယ်လေး
ဖြစ်ခွင့်ရချင်တယ် .... ။
ဦးအာကာ(စွယ်စုံစာအုပ်)
No comments:
Post a Comment