ကာရံမညီတဲ့ သီချင်းတစ်ပုဒ်
တိုးတိုးလေး ဆိုညီးနေမိပါရဲ့
တေးသွားတွေ ပျောက်ဆုံး
စည်းချက်တွေ လွဲချော်နေခဲ့ပြီ ...
အသွင်မတူတဲ့ အချစ်တစ်ခု
တစ်ဖက်သတ် ဖက်တွယ်နေမိရဲ့
အပျော်တွေ ပျက်သုဉ်း
အဖြူရောင်သံယောဇဉ် ဝေးကွာသွားခဲ့ပြီ ...
မညီညာတဲ့ လမ်းကြမ်းကြမ်းထက်မှာ
ကိုယ်တစ်ဦးတည်းရဲ့ အချစ်တွေနဲ့
ပျောက်ဆုံးတေးသွားတွေ ရှာဖွေရင်း
ရှေ့ဆက်ဖို့ ခွန်အားမဲ့နေပြီ ..
ဦးအာကာ(စွယ်စုံစာအုပ်)
No comments:
Post a Comment